နောင်တ ဆယ်ပါး ကြိုသိထားသင့်

၁။ ငယ်ခါကလျင် မသင်ပညာ
၂။ ဥစ္စာ မစု
၃။ သူ့ ကိုချစ်ဖျက်
၎။ သူ့ သက်သတ်စား
၅။ သူ့ မယား၌ ပြစ်မှားတုံဘိ
၆။ ပစ္စည်းရှိလျက် စိုးစိ မလှူ
၇။ မွေးမြူမိဘ မပြုရနှင့်
၈။ ဆုံးမ မနာ
၉။ ပညာရှိထံ နည်းခံ မမှတ်
၁၀။အမြတ်မကျင့် ၊
ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါလျင်၊ပူဆာနောင်တ၊ရတတ်စွရှင့်။

(မဃဒေ၀လင်္ကာသစ်) (ဇနသန္ဓဇာတ်)