供 俸 袈 裟 庆 典
စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်မြန်မာကျောင်းရှိ ပုရိမ၀ါဆို မြတ်စွာဘုရား အမှူးထားသော သံဃာတော် အရှင်မြတ်
များအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည့် ကထိန်အလှူပွဲတော် (ဘုံကထိန်ပွဲတော်)ကို မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလဆန်း(၇)ရက်၊ အောက်တိုဘာလ (၂၅) ရက် (တနင်္ဂနွေ)နေ့ နံနက်အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကထိန်လျာသင်္ကန်း ဆက်ကပ်လိုကြသောဓမ္မမိတ်ဆွေ သူတော်စင်များ
ကြွရောက် ကြည်ညို လှူဒါန်းနိုင်ပါကြောင်း ဓမ္မဥယျာဉ် ဗုဒ္ဒဘာသာအသင်းမှ နှိုးဆော် ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။ ကထိန်လျာသင်္ကန်းများနှင့် ထီး ဘိနပ် ယပ် နှစ်ထပ်သင်္ကန်း အစရှိသည့် ရဟန်းတော်တို့ ၏အသုံး
အဆောင်ပစ္စည်းများကို ပရိက္ခရာအစုံလိုက်ဖြစ်စေ၊ တစ်စုံချင်းဖြစ်စေ ဓမ္မဥယျာဉ်မြန်မာကျောင်းရှိ ကော်မီတီ
ရုံးခမ်း ကောင်တာဌာနမှ (စိတ်တိုင်းကျ) မှာယူ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
တတိယအကြိမ်မြောက် ဘုံကထိန်ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီအဖွဲ့ 
ဓမ္မဥယျာဉ် ဗုဒ္ဒဘာသာအသင်း (စင်္ကာပူ)
ဆမ်ဘာဝမ်း ၊ စင်္ကာပူနိုင်ငံ။
ဖုန်း (၆၅) ၆၄၀၅ ၅၃၂၂