၁။ ကာယ ကမ္မ (ကာယကံ) = ကိုယ်ဖြင့် ပြုလုပ်သော (ကောင်းသော မကောင်းသော) အမူအယာများ၊
Bodily Action.
၂။ ၀စီ ကမ္မ (၀စီကံ) = နှုတ်ဖြင့် ပြောသော (ကောင်းသော မကောင်းသော) အမူအယာများ ၊
Verbal Action.
၃။ မနော ကမ္မ (မနောကံ) = စိတ်ဖြင့် ကြံသော (ကောင်းသော မကောင်းသော) အမူအယာများ ၊
Mental Action.
ဤကံသုံးမျိုးတို့ တွင် မနောကံသည် အရေးအကြီးဆုံးသော ကံဖြစ်သည်။ စိတ်ထဲတွင် ကြံစည်ကာမျှဖြင့် အပြစ်မကြီးလှပါဟု ထင်ရသော်လည်း ကာယကံနှင့် ၀စီကံတို့ သည် မနောကံ မှာ မြစ်ဖျားခံနေသည်။ ဆိုလိုသည်မှာ မနောကံက ပြုချင် ပြောချင်သော (စေတနာနှင့်အတူတကွ)ဆုံးဖြတ်ချက် (decision) ချလိုက်မှသာလျင် ကာယကံ နှင့် ၀စီကံ များ ကံအဖြစ် အထ မြောက်သွားတော့သည်။ ထို ကြောင့် မနောကံတစ်ခုကို ထိမ်းသိမ်း စောင့်ရှောက်လျင် ကာယကံ နှင့် ၀စီကံ တို့ ကိုပါ ထိမ်းသိမ်းရာ ရောက်ပြီးဖြစ်သွားလေသည်။
ဆောင် ။ ။ မနောကမ္မ ထိမ်းသိမ်းက ကာယ ၀စီ ထိမ်းသည်မည်၏၊