သခင်စိတ်လား ကျွန်စိတ်လား....

ကိုယ့်စိတ်ကို ကိုယ်က ကောင်းတဲ့နေရာ ၊ ကောင်းတဲ့ အလုပ်မှာ (နေ့ စဉ်အချိန်ဇယားလေးနဲ့ အတူ) ကောင်းကောင်းထားပေးနိုင်ခဲ့ယင် ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်က အလျင်ဦးအောင် နေရာချထားပေး (ခိုင်းထားပေး)နိုင်ခြင်းဖြစ်လိမ့်မည်။ ဤသို့ နေရာချပေးထားနိုင်ယင် ကိုယ့်စိတ်ကို ကိုယ်က စေခိုင်းထား
နိုင်ခြင်းဖြစ်တဲ့အတွက် " မိမိသည် မိမိ၏ အရှင်သခင်စိတ် ပိုင်ရှင်" ဖြစ်သည်။
ထိုကဲ့သို့ လက်ဦးအရယူလို့  ကိုယ့်စိတ်ကို ကောင်းတဲ့နေရာမှာ ကောင်းကောင်းလေး နေရာချထားမပေးနိုင်
ခဲ့ယင်တော့.......မိမိသည် စိတ်ရဲ့ နေရာချထားပေးတဲ့ နေရာမှာ နေ၊ စိတ်ခိုင်းတာ မှန်သမျှ ( မကောင်းတာ
မှန်သမျှတွေ) တို့ ကို လုပ်ပေးနေရမည်သာ ဖြစ်ခြင်းကြောင့် မိမိသည် " ကျွန်စိတ်နှင့် နေထိုင်နေသော ကျွန်စိတ်ပိုင်ရှင်သာ" ဖြစ်တော့သည်။

သင် ဘာစိတ်နှင့် နေနေပါသလဲ ? အမိန့် ရှိပါ...
၁။ ကိုယ့်စိတ် ကိုယ်ခိုင်း ၊ ကောင်းတာ ခိုင်း ၊ ကိုယ်မခိုင်း စိတ်ခိုင်း ခံရမည် ။
၂။ လူ့ စိတ်ဆိုတာ ၊ မကောင်းနယ်မှာ ၊ ပိုကာ နှစ်ခြိုက်သည် ။
၃။ ကောင်းတာ ကိုယ်က ခိုင်းနိုင်မှ ဒါက " သခင်စိတ် " ခေါ်ရသည် ။
၎။ စိတ်ခိုင်းသမျှ ၊ လုပ်နေရ ၊ မုချ ကိုယ်က ကျွန်ဖြစ်ပြီ ။
၅။ သခင်လား ကျွန်လား ပြန်စဉ်းစား ၊ အဖြေကား ထင်ရှား သိလာမည် ။

သခင်စိတ်နှင့် နေနိုင်တဲ့ မိမိစိတ်ရဲ့ အရှင်သခင်များ ဖြစ်ကြပါစေ..

မေတ္တာဖြင့်...
ပန်းဥယျာဉ်...အရှင်ပန်..