ဘုရားဟော အမြင် နဲ့  အများပြော အထင်....


 အများက ထင်ရာကို ပြော....ဘုရားက မြင်ရာကို ဟော........
တကယ့်တော့ မည်သူမဆို မည်သည့်လူမျိုးမဆို မသေခင် တကယ်ပိုင်ဆိုင်နေတာက ခန္ဒာကိုယ်ကြီးဆိုတဲ့
ရုပ်နဲ့  သိတတ်တဲ့ နာမ် (စိတ်) ဒီနှစ်မျိုသာ အခိုင်အမာ ထင်ရှားရှိနေတာပါ။ ရုပ်နှင့်နာမ် တွဲလျက် ရှိနေသေး
တဲ့ကာလကို Alive (အသက်ရှင်တယ်) လို့  ခေါ်တာဆိုတော့ ရုပ်နဲ့ နာမ် အိုးစားကွဲသွားတဲ့အခါ သေတယ်
ခေါ်တော့တာပေါ့။ မြန်မာစကားအခေါ်အဝေါ်တစ်မျိုးကတော့ ရုပ်ထဲမှ စိတ်ခေါ်တဲ့ နာမ် အပြီးထွက်သွား
တဲ့အခါ အဲဒါ အသက်ထွက်..တယ် ခေါ်လိုက်တော့တာပါ။
ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အဲဒိ ရုပ်နဲ့  အဲဒိနာမ်တို့  ၏ သဘောသဘာဝများကို ရုပ်နာမ်နှစ်မျိုး ရှိတဲ့သူတိုင်း
လေ့လာသင့်တာကတော့ အမှန်ပါ။ အဲဒါ ဘာသာတရားနဲ့ ဆိုင်တယ်ဆိုတာထက် ကိုယ်နဲ့ ပိုဆိုင်နေတယ်
ဆိုယင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာရှိတဲ့ ရုပ် နဲ့  ကိုယ့်မှာ ရှိတဲ့ နာမ် ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရုပ်နဲ့  နာမ်ရဲ့ သဘောကို လေ့လာရာကြတဲ့အခါမှာလည်း
အများပြောအထင်နှင့် ဘုရားဟော အမြင် လို့  နှစ်မျိုးနှစ်ပိုင်းခွဲ နားလည်သင့်တယ်။
အများက ပြောတတ်ကြတာကတော့ ကိုယ်ထင်တာကို ထင်တဲ့အတိုင်း ထင်တယ်..လို့ ပြောကြတာဖြစ်တော့
သူထင်တဲ့ အဲဒိအထင်က မှန်ချင်လည်း မှန်မှာပါ။ မှန်ချင်မှလည်း မှန်မှာပါ။ ဘုရားရှင်ကတော့ ထင်လို့ ပြော
တာမဟုတ် မြင်လို့ ဟောတာဖြစ်တဲ့ အတွက် (မြင်တာဖြစ်တဲ့အတွက်) ယုံကြည်ထိုက်တယ် ဆိုရပါမယ်။
ဥပမာဆိုပါစို့ ။ လောကမှာရှိတဲ့လူတွေပြောပြောနေတဲ့ စကားတစ်ခွန်းက မင်း တစ်နေ့ တစ်မျိုး အလှတွေ
တိုးလို့ နေပါလား...လို့  သူငယ်ချင်းတွေကို ပြောတတ်ကြတယ်။ ဒါက သူတို့  ထင်တာပြောကြတာဘဲလေ
ဘုရားက ဟောတာကတော့ လူတိုင်းလူတိုင်း၏ ရုပ်နှင့်နာမ်တရားနှစ်ပါးဟာ စက္ကန့် မိနစ်နှင့်အမျှ ပြောင်းလဲ
နေသည်ဆိုသည့်အတွက် တစ်နေ့ တစ်မျိုး အလှတွေ တိုးနေတာ မဟုတ်ဘဲ လူတိုင်းဟာ စက္ကန့် နဲ့ မခြား အိုလို့ သွားနေတာပါ။