လူလား မလူလား အိုလူသား ၊ လူ့  လူ လူး နဲ့  ပြန်စဉ်းစား......
အကျိုးရှိ အကျိုးမဲ့ကို ခွဲခြမ်းသိတတ်သောကြောင့် လူ (မနုဿ) ခေါ်သည်ဖြစ်ခြင်းကြောင့်..မိမိ သူတစ်ပါး နှစ်ဦးသားတို့ ၏ အကျိုးရှိသည်များကို တတ်စွမ်းသမျှ ဆောင်ရွက်ရင်း ခန္ဒာကိုယ်ကြီး တစ်နေ့ တစ်ခြား ကြီးပွါး ထွားကြိုင်းလာသည့်နည်းတူ ခန္ဒာကိုယ်ကြီးနှင့်တွဲရှိနေသော မိမိ၏ စိတ်အဆင့်အတန်း အရည်အသွေးများ တစ်နေ့ တစ်ခြား တလူ လူ တိုးတက်လာ လူလွင့်လာမှ သာလျင် တစ်နည်းဆိုသော် ရုပ်ရော စိတ်ပါ နှစ်ဖြာဖွံ့ ဖြိုး တိုးတက်လာမှသာ ထိုကဲ့သို့ သော သူကို တကယ့် လူ အစစ်ဟု ခေါ်ဆိုနိုင်ပါသည်။
ထိုကဲ့သို့ မဟုတ်ပါက သူတစ်ပါးဥစ္စာများ သူတစ်ပါးပိုင်ဆိုင်သည်များကို တစ်နည်း သို့ မဟုတ် တစ်နည်းဖြင့် လု နေသော လူ၊ သူတစ်ပါး ပစ္စည်းများ သားမယားများအပေါ်မှာ လူးနေသော လူများသာ ဖြစ်ချေတော့မည်။ သို့ဖြစ်သောကြောင့် (Who are you?) လို့  သူတစ်ပါးကို မေးခြင်းထက် (Who am I?) or (How am I ?)
ဟုသာ မေးမြန်းပြီး ကိုယ့်ဖာသာကိုယ် " လူလား မလူလား အိုလူသား လု လူ လူး နဲ့ ပြန်စဉ်းစား " ဆိုတဲ့မေးခွန်းကို ကိုယ်တိုင် ပြန်မေး ကိုယ်တိုင်ပင် စစ်ဆေးလို့ သဘာဝကျသော တိကျသော အဖြေကို
ကိုယ်တိုင်ပင် ပေးရမည်ဖြစ်ကြောင်း...ပါ၊